ပင်လယ်ကမ်းခြေမအော်တဲ့ အသံ
ပူပင်သောကဆိုတာ
နေရာလေးတစ်နေရာ ခြားလိုက်ရုံနဲ့ 
ကသောပင်ပူ ဖြစ်ရောတဲ့လား။
သည်လိုနဲ့ 
အပန်းဖြေစခန်းတွေဟာ
အလွမ်းကု ဆေးရုံဖြစ်ခဲ့ရ။
အဲဒီတစ်နေ့ က
ခပ်စုတ်စုတ် ကဗျာတစ်ယောက်
ခပ်နုနု ဆရာဝန်တစ်ယောက်
ခပ်ပုပ်ပုပ် မိန်းကလေးတစ်ယောက် ၏
ကမ်းခြေမှာ
အောက်သိုးသိုးဓာတ်ပုံတွေ ရိုက်ကြတဲ့။
ဟဲလို
တကယ်ငြိမ်းချမ်းချင်သူတွေကို ပြောတာမဟုတ်ဘူးနော်
တဆိတ်
လွဲချော်မှုကို ထန်းလက်လုပ်မပစ်ကြပါနဲ့ ။
သောင်ယံမှာ
တောင်ပံတစ်စုံကလွဲလို့ 
ဘယ်အုန်းပင်ကမှ အုန်းသီးမသီးဘူး
အုန်းရည်လည်း မသောက်ခဲ့ရဘူး။




No comments:
Post a Comment