Sunday, April 20, 2008

သူငယ်ချင်း(အပိုင်း -၁)

သူငယ်ချင်း(အပိုင်း -၁)

ငယ်စဉ်တောင်ကျေး ကလေးဘ၀အစမှာ

မိဘတွေရဲ့ ဘ၀ မလှပမှုကြောင့်

တို့ တစ်တွေ မလွှဲသာခွဲခွာ၏

ကွဲကွာ သွားခဲ့ကြတာ

ကာလကြာမြင့် ခဲ့ပြီနော်။

နင် ဘယ်ဆီရောက်နေသလဲ။

ငါ ဘယ်ဆီရှိနေသလဲ။

နင်လည်းမသိ

ငါလည်းမသိ

တွေးမိတိုင်း ၀မ်းနည်းမိ။

ပြန်တွေ့ လည်း မှတ်မိပါ့မလားမသိ။

မသေခင် တစ်နေ့ မှာတော့

(နင်နဲ့ ငါ )ပြန်တွေ့ ချင်စမ်းပါဘိ။

No comments: